ဝါဆိုလန်း၏ လူမှုအကျိုးပြုလုပ်ငန်း ဆောင်ရွက်ချက်များ

ဝါဆိုလန်း စတင် အသုံးပြုနိုင်ချိန်မှ စပြီး ဝါဆိုလန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ ဆရာဆရာမများ လူမှုအကျိုးပြုလုပ်ငန်းများဖြစ်သော ဘုန်းတော်ကြီး ပညာသင်ကျောင်းများ၊ ပရဟိတကျောင်းများ၊ မိဘမဲ့ဂေဟာများနှင့် မျက်မမြင်ကျောင်းများမှ အခြေခံပညာသင်ယူလိုသူတိုင်းအတွက် ဝါဆိုလန်းအတန်းများကို အခမဲ့လေ့လာနိုင်စေရန် စီစဉ်လှူဒါန်းပေးလျက်ရှိပါသည်။ လက်ရှိတွင် ဆရာဆရာမများအတွက် တန်ဖိုးငွေ (၃၃၃,၇၈၈,၀၀၀) ကျပ်ဖြင့် ညီမျှသော အတန်းများ၊ ဘုန်းတော်ကြီးပညာသင်ကျောင်းများအတွက် တန်ဖိုးငွေ (၁၅,၅၃၈,၅၀၀) ကျပ်ဖြင့်ညီမျှသော အတန်းများ၊ စုစုပေါင်း တန်ဖိုးငွေ (၃၄၉,၃၂၆,၅၀၀) ကျပ်ကို လှူဒါန်းထားခဲ့ပြီးဖြစ်ပါသည်။

လူမှုရေး နှင့် ပညာရေးဆိုင်ရာ အကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ဝါဆိုလန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကို လေ့လာဆည်းပူးလိုသူတိုင်းအတွက် အလွယ်တကူ အသုံးပြုလေ့လာနိုင်သော လက်စွဲ အက်ပလီကေရှင်း ဖြစ်လာစေရန် ရည်မှန်းထားပါသည်။

Waso Learn Application ကို Download ပြုလုပ်ရုံဖြင့်
အခမဲ့လေ့လာနိုင်သော အတန်းသင်ခန်းစာများ

ဝါဆိုလန်းတွင် Native Speaker တွေနဲ့အတူ အင်္ဂလိပ်စာကို

"အခမဲ့" လေ့လာလိုက်နိုင်စေရန် ဆောင်ရွက်ချက်။

KG မှ Grade 12 ကျောင်းသား၊ ကျောင်းသူများအတွက် အင်္ဂလိပ်စာအခြေခံကို ငယ်စဉ်ကတည်းက ခိုင်မာစေရန်၊ ယုံကြည်မှုရှိရှိ အင်္ဂလိပ်စကား ပြောဆိုနိုင်စေရန်၊ အသံထွက်မှန်ကန်စေရန်နှင့် အကြားစွမ်းရည် ကောင်းမွန်စေရန်အတွက် ဝါဆိုလန်း မှအကောင်းဆုံး အစီအစဉ်တစ်ခုကို ဖန်တီးပေးထားခြင်းဖြစ်ပါသည်။ ဝါဆိုလန်းအက်ပလီကေးရှင်း တွင် KG မှစ၍ Grade-12 အထိ အတန်းတိုင်းအတွက် ကျောင်းသင်ရိုးညွှန်းတမ်းပါ အင်္ဂလိပ်စာ သင်ခန်းစာများကို အင်္ဂလန်နိုင်ငံမှ Native Speaker ဆရာ၊ ဆရာမများ ကိုယ်တိုင် သင်ကြားဖတ်ပြပေးထားပါသည်။ ထိုသင်ခန်းစာများကို ဝါဆိုလန်းအက်ပလီကေးရှင်း အသုံးပြုသူကျောင်းသား၊ ကျောင်းသူများအားလုံး "အခမဲ့ (Free)" လေ့လာနိုင်စေရန် အထူးစီစဉ်ပေးထားပါသည်။

Native speaker free class
AI free class

ဝါဆိုလန်းတွင် AI (Artificial Intelligence) ပညာရပ်ကို

"အခမဲ့" လေ့လာနိုင်စေရန် ဆောင်ရွက်ချက်။

ကျောင်းသား၊ ကျောင်းသူများအတွက် ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော နည်းပညာအခြေခံများကို ငယ်စဉ်ကတည်းက နားလည်သဘောပေါက်စေရန်၊ အနာဂတ်တွင် မရှိမဖြစ်လိုအပ်လာမည့် ဉာဏ်ရည်တု (AI) နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်စေရန်နှင့် တီထွင်ဖန်တီးနိုင်စွမ်း မြင့်မားလာစေရန်အတွက် ဝါဆိုလန်း မှ စီစဉ်ဖန်တီးပေးထားခြင်းဖြစ်ပါသည်။​

ဝါဆိုလန်းအက်ပလီကေးရှင်း တွင် ကလေးငယ်များအတွက် နားလည်လွယ်ကူပြီး စိတ်ဝင်စားဖွယ်ကောင်းသော AI for Kids သင်ခန်းစာများကို သင်ကြားပေးထားပါသည်။ ထိုသင်ခန်းစာများကို ဝါဆိုလန်းအက်ပလီကေးရှင်း အသုံးပြုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး ခေတ်မီနည်းပညာအသိပညာများ တိုးပွားလာစေရန် ရည်ရွယ်၍ လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် "အခမဲ့ (Free)" လေ့လာနိုင်စေရန် စီစဉ်ပေးထားပါသည်။​

ဝါဆိုလန်းတွင် လက်သင်္ကေတပြဘာသာစကား (Sign Language) ကို

"အခမဲ့" လေ့လာနိုင်စေရန် ဆောင်ရွက်ချက်။​

ဝါဆိုလန်းမှ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအနေဖြင့် အကြားအာရုံချို့ယွင်းသူများအပေါ် လေးစားသမှုရှိစေရန်နဲ့ တစ်ဦးနဲ့တစ်ဦး ပိုမိုနီးကပ်စွာ ဆက်သွယ်နိုင်စေရန် နှင့် စာနာနားလည်မှုစွမ်းရည်များ တိုးတက်လာစေရန်အတွက် ရည်ရွယ်ပြီး ဝါဆိုလန်း မှ အကောင်းဆုံး စီစဉ်ပေးထားခြင်းဖြစ်ပါသည်။ ဝါဆိုလန်းအက်ပလီကေးရှင်း တွင် အခြေခံလက်သင်္ကေတပြဘာသာစကား (Sign Language) သင်ခန်းစာများကို သင်ကြားပေးထားပါသည်။ ထိုသင်ခန်းစာများကို ဝါဆိုလန်း Application အသုံးပြုသူ ကျောင်းသား၊ ကျောင်းသူများအားလုံး နှင့် လက်သင်္ကေတပြဘာသာစကားကို စိတ်ဝင်စားသောသူများနှင့် မတူကွဲပြားမှုများကို လက်ခံနားလည်ပြီး ကူညီဖေးမတတ်သော စိတ်ဓာတ်များ ပိုမိုတိုးပွားလာစေရန် ရည်ရွယ်၍ လူမှုအကျိုးပြုလုပ်ငန်းအနေဖြင့် "အခမဲ့ (Free)" လေ့လာနိုင်စေရန် အထူးစီစဉ်ပေးထားပါသည်။​

Sign language free class

နည်းပညာဖြင့်
ပညာရေးအခွင့်အလမ်းများကို
လက်ကမ်းမျှဝေခြင်း

လူမှုရေး နှင့် ပညာရေးဆိုင်ရာ အကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ဝါဆိုလန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကို လေ့လာဆည်းပူးလိုသူတိုင်းအတွက် အလွယ်တကူ အသုံးပြုလေ့လာနိုင်သော လက်စွဲ အက်ပလီကေရှင်း ဖြစ်လာစေရန် ရည်မှန်းထားပါသည်။

ဝါဆိုလန်းမှ သင်ခန်းစာများ‌ လှူဒါန်းပြီးစီးခဲ့သော အတန်းပေါင်း

၁၀,၇၄၈ တန်း

သင်ကြားမှုအထောက်အကူပြုပေးအပ်နိုင်ခဲ့သော ဆရာ၊ဆရာမများ ဦးရေ

၁၀,၂၇၀ ဦး

ပညာရေးကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးအပ်ခဲ့သော ဘုန်းတော်ကြီးသင် စာသင်ကျောင်း

၄၇၈ ကျောင်း

လူမှုအကျိုးပြုလုပ်ငန်းများတွင် လှူဒါန်းငွေစုစုပေါင်း (MMK)

၃၄၉.၃ သန်း

လူမှုအကျိုးပြုလုပ်ငန်းများကို အတန်းများလှူဒါန်းပေးခြင်း

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအတွက်

အခမဲ့ပညာဒါန​

“ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူခွင့် မဆုံးရှုံးစေရ" ဆိုသော ရည်ရွယ်ချက်ဖြင့် Waso Learn မှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဘက) များရှိ ကျောင်းသား၊ ကျောင်းသူများအတွက် KG မှ Grade 12 အထိ ကျောင်းသင်ရိုး ဗီဒီယိုသင်ခန်းစာများကို လှူဒါန်းပေးထားပါသည်။ အင်္ဂလန်နိုင်ငံမှ Native Speakers များ ကိုယ်တိုင် သင်ကြားထားသည့် အင်္ဂလိပ်စာ သင်ခန်းစာတွေအပါအဝင် ဝါဆိုလန်းမှ အတန်းများ ဘာသာရပ်များ အားလုံးကို စနစ်တကျ သင်ယူနိုင်မှာ ဖြစ်ပါသည်။​

Class donation for monastery schools
Class donation for blind association

အထူးလိုအပ်ချက်ရှိသော ကလေးငယ်များအတွက်

ပညာရေးအထောက်အပံ့​

Waso Learn Application ဟာ အမြင်အာရုံချို့ယွင်းတဲ့ မျက်မမြင်ကျောင်းများ နှင့် အထူးလိုအပ်ချက်ရှိတဲ့ ကလေးငယ်များအတွက်လည်း ထိရောက်တဲ့ အားကိုးရာတစ်ခု ဖြစ်လာစေမှာဖြစ်ပါသည်။ နားထောင်ရုံနှင့် နားလည်လွယ်တဲ့ အသံထွက်ပိုင်းဆိုင်ရာ သင်ခန်းစာတွေနှင့် ကလေးတို့၏ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အထောက်အကူပြုမည့် သင်ကြားရေး အစီအစဉ်များကို အခမဲ့ ပံ့ပိုးပေးခြင်းဖြင့် ကလေးတို့၏ ကမ္ဘာငယ်များကို အလင်းဆောင်ပေးနေပါသည်။​

မြို့ပြနှင့် ကျေးလက်ဒေသများသို့

ပညာရေးလက်ကမ်းပေးခြင်း

ကလေးတိုင်း ပညာသင်ယူမှုကို အဟန့်အတား မဖြစ်စေရန်အတွက် မြို့ပြရော ကျေးလက်ဒေသမှာပါမကျန် ရှိသော လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ ပညာရေးလက်ကမ်းပေးနေပါသည်။ အင်တာနက်ရှိရုံဖြင့် ဖုန်းထဲကနေ အရည်အသွေးမြင့် ပညာရေးကို အခမဲ့ ရယူနိုင်မှာဖြစ်သည့်အတွက် ဝေးလံခေါင်ဖျားသော ဒေသများမှ ကလေးငယ်တို့သည်လည်း မြို့ပြမှ ကလေးများ နည်းတူ ရင်ဘောင်တန်း သင်ယူနိုင်မည့် အခွင့်အရေးကို ဝါဆိုလန်းမှ ဖန်တီးပေးထားပါသည်။​

Class donation for rural education

နည်းပညာဖြင့်
ပညာရေးအခွင့်အလမ်းများကို
လက်ကမ်းမျှဝေခြင်း

လူမှုရေး နှင့် ပညာရေးဆိုင်ရာ အကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ဝါဆိုလန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကို လေ့လာဆည်းပူးလိုသူတိုင်းအတွက် အလွယ်တကူ အသုံးပြုလေ့လာနိုင်သော လက်စွဲ အက်ပလီကေရှင်း ဖြစ်လာစေရန် ရည်မှန်းထားပါသည်။

ဝါဆိုလန်းမှ သင်ခန်းစာများ‌ လှူဒါန်းပြီးစီးခဲ့သော အတန်းပေါင်း

၁၀,၇၄၈ တန်း

သင်ကြားမှုအထောက်အကူပြုပေးအပ်နိုင်ခဲ့သော ဆရာ၊ဆရာမများ ဦးရေ

၁၀,၂၇၀ ဦး

ပညာရေးကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးအပ်ခဲ့သော ဘုန်းတော်ကြီးသင် စာသင်ကျောင်း

၄၇၈ ကျောင်း

လူမှုအကျိုးပြုလုပ်ငန်းများတွင် လှူဒါန်းငွေစုစုပေါင်း (MMK)

၃၄၉.၃ သန်း

အခြေခံကျောင်းများမှ ဆရာ၊ ဆရာမများအတွက် အတန်းများနှင့်
သင်ကြားရေးအထောက်အကူပြုပစ္စည်း များ လှူဒါန်းပေးခြင်း ​

Teaching aids donation

သင်ကြားရေးအထောက်အကူပြု

လှူဒါန်းမှုအစီအစဉ်

ကလေးတို့၏အနာဂတ်များကို ပုံဖော်ပေးနေသည့် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍဟာ အလွန်အရေးကြီးပါသည်။ ဆရာ၊ ဆရာမ များ၏ သင်ကြားရေးပိုင်းတွင် ပိုမိုထိရောက်ပြီး လွယ်ကူစေရန်အတွက် Waso Learn မှ သင်ကြားရေး အထောက်အကူပြု ပစ္စည်းများ (Teaching Aids) နှင့်ဝါဆိုလန်း၏ ဗီဒီယိုသင်ခန်းစာများကို ဆရာ၊ ဆရာမများ အတွက်အခမဲ့ ရယူအသုံးပြုနိုင်ခြင်းဖြင့် ကူညီပေးနေပါသည်။ ​

နည်းပညာဖြင့်
ပညာရေးအခွင့်အလမ်းများကို
လက်ကမ်းမျှဝေခြင်း

လူမှုရေး နှင့် ပညာရေးဆိုင်ရာ အကျိုးပြု စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သော ဝါဆိုလန်းသည် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကို လေ့လာဆည်းပူးလိုသူတိုင်းအတွက် အလွယ်တကူ အသုံးပြုလေ့လာနိုင်သော လက်စွဲ အက်ပလီကေရှင်း ဖြစ်လာစေရန် ရည်မှန်းထားပါသည်။

ဝါဆိုလန်းမှ သင်ခန်းစာများ‌ လှူဒါန်းပြီးစီးခဲ့သော အတန်းပေါင်း

၁၀,၇၄၈ တန်း

သင်ကြားမှုအထောက်အကူပြုပေးအပ်နိုင်ခဲ့သော ဆရာ၊ဆရာမများ ဦးရေ

၁၀,၂၇၀ ဦး

ပညာရေးကူညီပံ့ပိုးမှုများ ထောက်ပံ့ပေးအပ်ခဲ့သော ဘုန်းတော်ကြီးသင် စာသင်ကျောင်း

၄၇၈ ကျောင်း

လူမှုအကျိုးပြုလုပ်ငန်းများတွင် လှူဒါန်းငွေစုစုပေါင်း (MMK)

၃၄၉.၃ သန်း

မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပရဟိတစာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ပညာရေးနယ်ပယ်မှဆရာ၊ ဆရာမများနှင့် အမြင်အာရုံချို့ယွင်းသူများအတွက် ဝါဆိုလန်းမှ အတန်းများကိုအလှူခံနိုင်ပါသည်။ တစ်ဆင့်ပြန်လည်လှူဒါန်းလိုသူများလည်းဆက်သွယ်နိုင်ပါသည်။